"Sniper Hero"
**************
(008)
ဒီတစ်ခေါက် ပရိသတ်တွေကိုမိတ်ဆက်ပေးမယ့်မှာက
Sniper Hero ဆိုတဲ့ ကားလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်
၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုးရီးယားနယ်မြေမှာ
အမေရိကန်နဲ့ တရုတ် တို့စစ်ဖြစ်ပွားခဲ့ပြီး
လက်နက်အင်အားမမျှကြပေမယ့် အမေရိကန်စစ်တပ်ရဲ့
တိုက်စစ်ဆင်မှုတွေကို အဖွဲ့ ၈ က အကြိမ်ပေါင်းများစွာခုခံလာနိုင်ခဲ့ရာကနေ
တိုက်ပွဲတစ်ခုမှာတော့ အသေအပျောက်များသွားခဲ့ပါတယ်။
အဖွဲ့ ၆က ရန်တုန်းဖုန်းဆိုတဲ့
စီချွမ်တပ်သားလေးတစ်ယောက်ဟာ အဖွဲ့၆ တစ်ဖွဲလုံး
ရန်သူတပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး သူအရမ်းလေးစားရတဲ့
အဖွဲခေါင်းဆောင်လည်း အသက်ပေးသွားခဲ့ရပါတယ်။
အဲ့ဒီနောက် ရန်တုန်းဖုန်းဟာ စနိုက်ပါအထူးတပ်ဖွဲထဲကို
ဝင်ရောက်လာခဲ့ပြီး ကလဲ့စားပြန်ချေဖို့ကြိုးစားခဲ့ပါတယ်။
အဲ့လိုကနေ ရဲဘော်အသစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရင်း
နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးပြည့်ဝသွားမှာလား
ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။
#YoteShin